မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်ပြီး လာမည့် အပတ်အတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ ဆွေးနွေးရန် ရှိကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာနိုင်ငံမှပြန်သွားပြီးနောက် ထိုသို့ ဆွေးနွေးရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ် စားလှယ် မစ္စတာ ဒဲရက်ခ် မစ်ချယ်လ်သည် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင်တရုတ်နိုင်ငံသို့ သွားရောက် မည်ဖြစ် ကြောင်း JapanToday အင်တာနက် စာမျက် နှာ၌ ဖော်ပြထားသည်။ ဒဲရက်ခ် မစ်ချယ်လ်သည် ယခု အပတ်အတွင်း ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ကို လည်း သွားရောက်မည် ဖြစ် သည်ဟု ဆိုသည်။ မစ္စ ဟီလာရီသည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂ ရက် အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။