နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ ကျောက်မျက်ရတနာ ဈေး နှင့် ကျောက်မျက် သိုလှောင်ရုံ တည်ဆောက်ရန် အစိုးရ က စီစဉ်နေသည်။ ဇမ္ဗူသီရိ မြို့နယ် တော်ဝင်ရတနာ လမ်းမကြီးဘေး ရွှေကြာပင် ရပ်ကွက်နှင့် ဟိုတယ်ဇုန်အကြားနှင့်ဒက္ခိဏ သီရိ မြို့ကွက်သစ် တို့တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ မြေဧရိယာ တဧက အကျယ်ရှိ ကျောက်မျက်ဈေးကွက် ၁၂၂ ကွက်နှင့် ကျောက်စိမ်း၊ ကျောက်မျက်များ သိုလှောင်ရန် မြေဧရိယာ ၅ ဧကရှိ မြေကွက် ၂၇ ကွက်၊ မြေဧရိယာ ၂.၅ ဧက ရှိ ၁၁၅ ကွက်ကို ဖော်ထုတ်နေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ရေးထားသည်။ အစိုးရက ကျောက်မျက် ရတနာ ပြပွဲကိုလည်း တနှစ် သုံးကြိမ်ခန့် ကျင်းပနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။