သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့လာရောက်သည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ချစ်ကြည် ရေး ခရီးစဉ်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်ထားသည်။ယင်း ကြေညာချက်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဖွဲ့စည်းမှုဆိုင်ရာ သဘောတူညီချက်နှင့် ပူးတွဲ စီးပွားရေး ဆိုင်ရာ ကောင်စီ ဖွဲ့စည်းမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အပါအဝင် အချက် ၁၅ ချက် ပါရှိသည်။ ရှိတ်ဟာဆီ နာ နှင့် အဖွဲ့၏ ခရီးစဉ်သည် ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။