မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း အနှစ်၂၀ ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ း ၃၀ နာရီ မှ ၁၁ း ၀၀ နာရီ အထိ ရန်ကုန်တိုင်း ကြည့်မြင် တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိ စာသင်တိုက် ရွှေညဝါ ပညာ့ဗိမာန်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အခမ်း အနားအား ငြိမ်းချမ်းရေး နိုဗဲလ်ဆု ပေးရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးနှင့် တောင်းဆိုချက်များကို ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများ( 10-D နိုဗယ်(လ်) ကျောင်းသားများ)နှင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ဦးဆောင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဟု သိရ သည်။ ယင်း အခမ်းအနားနှင့် အတူ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပိဋိကတ် စာကြည့်တိုက်ဖွင့်ပွဲကိုလည်း ပူးတွဲကျင်းပ သွားမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။