မဲခေါင်မြစ်အတွင်း တရုတ်၊ ထိုင်း၊ လာအို နှင့် မြန်မာနိုင်ငံ တို့၏ လုံခြုံရေး ကင်းလှည့် အစီအစဉ်ကို စနေနေ့တွင်စတင်မည် ဖြစ်ကြောင်း သိရသည်။ ထိုနေ့၌ တရုတ်ကုန်သဘောၤများလည်း ရပ်ဆိုင်းထားရာမှ မဲခေါင်မြစ်အတွင်း ပြန်လည်သွားလာမည် ဖြစ်သည်။ ယခု လုံခြုံရေး ကင်းလှည့် အစီအစဉ်သည် နိုင်ငံတကာ ရေကြောင်း သွားလာရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာ ကျင့်သုံး သွားမည် ဖြစ်ကြောင်း AP သတင်းက ရေးသည်။ ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက တရုတ် ကုန်တင်သဘောၤ၂ စီးအား အမည်မသိ လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ရာ သဘောၤပေါ်ပါရှိသူ ၁၃ ဦး သေဆုံးမှု ဖြစ်ပွားပြီးနောက် တရုတ်ကုန် သင်္ဘောများ မဲခေါင်မြစ်အတွင်း သွားလာမှုကို တရုတ်အစိုးရက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။