မြန်မာပြည်မှ စစ်အရာရှိ အများအပြား ရုရှားနိုင်ငံ တက္ကသိုလ်များသို့ သွားရောက်ပြီး နျူကလီးယား သိပ္ပံ၊ ဒုံးကျည် ဒီဇိုင်း ဆိုင်ရာ သင်တန်းများ တက်ရောက်ခဲ့ကြသည်ဟု Time မဂ္ဂဇင်းတွင် ဗုဒ္ဓဟူးနေ့က ရေးထားသည်။၂၀၀၁ ခုနှစ်က ပြုလုပ်ခဲ့သည့် ညှိနှိုင်းမှု
များအရ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတလုံး တည်ဆောက်ပေးရန်၊ နျူကလီးယား စွမ်းအင် ကျွမ်းကျင်သူ ၃၀၀ ဝန်းကျင် ကို မွေးထုတ်ပေးရန် ရုရှားက သဘောတူခဲ့သည်။ ဒေါ်လာ သန်း ၁၅၀ တန် သဘောတူညီချက်ကို၂၀၀၇ တွင် အပြီးသတ် အကောင် အထည် ဖော်ခဲ့သည်။ ထို ဓာတ်ပေါင်းဖိုအား ကျန်းမာရေး နှင့် သိပ္ပံဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရမည်ဖြစ်သည်။ သို့သော် မြန်မာအာဏာပိုင်များက ကျန်းမာရေးထက် စစ်ရေးအတွက် ဘတ်ဂျက်ပိုသုံးနေသဖြင့် ရုရှားနှင့်ပြုလုပ်ခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှုများမှာ စိုးရိမ်ဖွယ်ဖြစ်နေသည်ဟု Time မဂ္ဂဇင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။