နော်ဝေ အစိုးရက ရခိုင်ပြည်နယ်၌ တည်ဆောက်နေသော တရုတ် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ပါဝင် ရင်းနှီး မြှုပ်နှံမှုကို ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က ရှုတ်ချလိုက်သည်။ တရုတ် CNPC ကုမ္ပဏီ လက်အောက်ခံ ပက်ထရို ချိုင်းနား ကုမ္ပဏီ၌ နော် ဝေ အစိုးရ အငြိမ်းစား ပင်စင် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၉၀ ထည့်ဝင် မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နော်ဝေ အစိုးရ၏ လုပ်ရပ်သည် မြေယာသိမ်းဆည်းမှု၊ အဓမ္မ နေရာ ပြောင်းရွှေ့မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများအား ကျူးလွန် နေ သော လူ့အခွင့်အရေး ချိုးဖောက်သူများကို အားပေးကူညီရာ ရောက်ပြီး ကျင့်ဝတ်သိက္ခာ မဲ့စေသည်ဟု ရွှေဂက်စ် အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။