အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကို အစိုးရက အသစ် ပြန်လည် တည်ထောင်ခွင့်ပြုလိုက်သည်။ ဦးတင်ဦးပါ ၂၁ ဦးက လျှောက်ထားသည့် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ ၊ နည်း ဥပဒေများနှင့် ညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၁၂ ရက်တွင် ခွင့်ပြုလိုက်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ က ဖော်ပြသည်။ NLD သည် မူလ ခမောက် တံဆိပ် မှ ခွပ်ဒေါင်း ကြယ် တံဆိပ် အသစ် သို့လည်း ပြောင်းလဲထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။