ဗြီတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်သည် လာမည့် ဇန်နဝါရီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ယမန်နေ့က ကျင်းပသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နှင့် နှစ်နိုင်ငံဆိုင်ရာ ပူးတွဲကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဝီလျံ ဟိတ် က ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်ဟု AFP သတင်းတွင် ရေးထားသည်။ ဗြီတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူး မစ်ချယ်သည် မြန်မာနိုင်ငံ သို့ ၃ ရက်ကြာ ခရီးစဉ် အဖြစ် နိုဝင်ဘာ လလယ်ပိုင်းက သွားရောက်ခဲ့ပြီး မစ္စ ဟီလာရီ ကလင်တန်သည်လည်း နိုဝင်ဘာ လကုန် ပိုင်းက မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။