၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသူများစာရင်းကို ယမန်နေ့ရက်စွဲဖြင့် ယနေ့ထုတ်သတင်းစာ များတွင် ကြေညာထားသည်။ အမျိုးသားစာပေဆုကို ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ စာပဒေသာ၊ လူငယ်စာပေ၊ ဘာသာပြန် (သုတ)၊ ဘာသာပြန်(ရသ)၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ(ရိုးရိုး သိပ္ပံ)၊ သုတပဒေသာ၊ နိုင်ငံရေးစာပေ၊ အင်္ဂလိပ် ဘာသာ ဟူ၍ အမျိုးအစားသတ်မှတ် ပေးအပ်ကြောင်း၊ စာပေဗိမာန် စာမူဆုတွင် ဝတ္ထုရှည်၊ ဝတ္ထုတို ပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတ ပဒေသာ(ဝိဇ္ဇာပညာရပ်)၊ သုတပဒေသာ(သိပ္ပံနှင့် အသုံးချ သိပ္ပံပညာရပ်)၊ စာပဒေသာ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ ပြဇာတ်စာပေ၊ ဘာသာပြန်စာပေ ဟူ၍ ဘာသာရပ်များ သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အမျိုးသားစာပေ တသက်တာဆုကို စာရေးဆရာကြီး ဒေါက်တာ သော်ကောင်း ကို ပေးအပ်ကြောင်းလည်း သိရသည်။ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်၌ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။