ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများရပ်တန့်၍ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အချက် ၅ ချက် ပါဝင်သည့် ထုတ်ပြန်ချက် တစောင်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယမန်နေ့က ထုတ်ပြန် လိုက် သည်။ ယင်း ထုတ်ပြန်ချက်တွင် ကချင်စစ်ပြေး ဒုက္ခသည်များ၏ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေမှုနှင့် စိတ်ဓာတ်ရေးရာ အခြေ အနေများ နှင့် ဒဏ်ရာရ သေဆုံးမှုများ၊ ကုလသမဂ္ဂ အပါအဝင် ဒေသဆိုင်ရာ ဘာသာရေး၊ လူမှုရေး အဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များ၊ အစိုးရ ဌာဆိုင်ရာများ စသည် တို့၏ အကူအညီများ ပါဝင်သည်။ လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို အောင်မြင်ပြီးမြောက်သည်အထိ အကောင်အထည်ဖော်ရန် အကြံပြုတိုက်တွန်းချက်များနှင့် သမ္မတ ဦးသိန်းစိန်၏ အစိုးရတပ်ကKIA တပ်စခန်းများကို မတိုက်ခိုက်ရန် ညွှန်ကြားချက်ကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။