မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး Mr K Shanmugam သည် ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ် ခန့်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံသည်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်ဖြင့် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိသည်။ ၎င်း၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး သမ္မတအကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်၊ ရဲမှူးကြီး စစ်အေး(ငြိမ်း)နှင့် ဒေါက်တာ စိန်လှဗိုလ်တို့ကိုလည်း တွေ့ဆုံခဲ့သေးသည်။ ယနေ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် အဆုံးသတ်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။