မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဘိန်းထွက်ရှိမှု ၅ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးမှ ထုတ်ပြန်လိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။ ယမန်နှစ်တွင် ဘိန်းတန် ၆၄၀ ထွက်ရှိနေရာမှ ယခုနှစ်တွင် တန် ၆၇၀ ဖြစ်လာကြောင်း၊ ဘိန်း တကီလိုလျှင် ၃၀၅ ဒေါ်လာမှ ၄၅၀ ဒေါ်လာ အထိလည်း ဈေးတက်လာကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။