မြန်မာဘက်မှ သယ်ယူလာသော မူးယစ်ဆေးပြား ၆ သောင်း ၃ ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားမြို့တွင် ကမ်းခြေစောင့်တပ်က ဖမ်းဆီးရမိကြောင်း သိရသည်။ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က မြန်မာဘက်မှလာသော မင်္သကာဖွယ် စက်လှေ သုံးစီးကို စစ်ဆေးရာမှ အမေရိကန်ဒေါ်လာ ၄ သိန်း ၈ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။