ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ယင်းသို့ တွေ့ဆုံခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကြောင့်ဖြစ်သည်ဟုလည်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။ မည်သည့်နေ့တွင် သွားရောက်တွေ့ဆုံသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အနိုင်ရပါတီအဖြစ် စစ်အစိုးရက ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ ချင်ပေါင်လူးသည် NLD ရုံးသို့ သွားရောက်ခဲ့ဖူးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။