အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးသည် NDF မှ ဒီဇင်ဘာလ ၁၄ ရက်တွင်နုတ်ထွက်လိုက်ပြီး NLD ပါတီဝင် အဖြစ် ရပ်တည်သွားမည်ဟု သိရသည်။ နုတ်ထွက်ရခြင်းသည် ပါတီ တွင်း ပြဿနာကြောင့် မဟုတ်ဘဲ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုဖြင့် ဆောင်ရွက်လိုသည့် အတွက်ဟု ဆိုသည်။ အမျိုးသားဒီမိုကရေစီပါတီသစ် (NNLD)မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်သည်လည်း NNLD ပါတီမှ မကြာသေးခင်က နုတ်ထွက်ခဲ့ပြီး NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။