နေပြည်တော်၌ ဒီဇင်ဘာ ၁၉-၂၀ တို့တွင်ကျင်းပမည့် မဲခေါင်နိုင်ငံများအစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် တက်မည့်အစီအစဉ်ကို အကြောင်းပြချက် မဖော်ပြဘဲ ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ ဝမ်ကျားပေါင်ကိုယ်စား နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ် သံအမတ်ကြီး Dai Bingguo က တက်ရောက်မည် ဖြစ်သည်။ မကြာသေးမီကပင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။