မြန်မာ့ ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သော ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလက် ဟာဗေးလ် အသက် ၇၅ နှစ်သည် ယမန်နေ့က ကွယ်လွန်သွားခဲ့သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် ၁၉၉၁ ခုနှစ်က ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဗဲလ်ဆု အတွက် ထောက်ခံ၍ အဆိုတင်သွင်းခဲ့သူ ဖြစ်သည်။ ဗားကလက် ဟာဗေးလ်မှာ ကွန်မြူနစ် အစိုးရကို သေနတ်တချက် မဖောက်ရဘဲနှင့် ဖြုတ်ချနိုင်ခဲ့သူ ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။