မြောက်ကိုရီးယား သမ္မတ အာဏာရှင် ကင်ဂျုံ အီးလ် အသက် ၆၉ နှစ်သည် ပြီးခဲ့သည့် စနေနေ့ကကွယ်လွန်သွားခဲ့ကြောင်းသတင်း ရသည်။ ၎င်းသည် ဆီးချိုနှင့် နှလုံးရောဂါကြောင့် ကွယ်လွန်ခြင်းဖြစ်သည်ဟု AP သတင်း က ဖော်ပြသည်။ မြောက်ကိုရီးယားသည် မြန်မာ အစိုးရသို့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု နည်းပညာဆိုင်ရာ အကူအညီများ ပေးနေကြောင်း၊ မြန်မာအစိုးရနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံနေသည့် နိုင်ငံတနိုင်ငံ ဖြစ်ကြောင်း ကမ္ဘာက သတ်မှတ်ထားသည်။ ၁၉၈၃ နှစ်က မြန်မာ နိုင်ငံသို့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အစိုးရအဖွဲ့ လာရောက်ရာ ရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ မြောက် ကိုရီးယား လက်မရွံ့များက ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား အစိုးရဝန်ကြီး တချို့ သေဆုံးမှုဖြစ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။