ကချင်ပြည်နယ်အတွင်း တနင်္ဂနွေနေ့က ပေါက်ကွဲမှု ၅ ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မိုးကောင်းမြို့နယ် ထိုပူး ဘူတာနှင့် ဆားမှော် ဘူတာကြားတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရထားသံလမ်းများ ပျက်စီးသွားကြောင်း၊ လက်နက် ခဲယမ်းများ နှင့် အတူ KIA တပ်ဖွဲ့ဝင် ၂ ဦး အလောင်းကိုလည်း တွေ့ရှိရကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။