ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ပြီးခဲ့သည့် ကြာသပတေး နေ့က မြန်မာ နိုင်ငံသို့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၌ ကျင်းပနေသော ၄ ကြိမ်မြောက် မဟာမဲခေါင် ဒေသ ခွဲ ထိပ်သီး ညီလာခံသို့ တက်ရောက်လာမည့် ညီမတော်စပ်သူ လက်ရှိ ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်၏ ခရီးစဉ် ချောမွေ့ ပြေလည်စေရန် ကြိုတင်သွားရောက်ခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ယနေ့ ရေးထားသည်။ ယင့်လပ်သည် ဒေါ်အောင် ဆန်း စုကြည် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။