• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

by ဧရာဝတီ
20 December 2011
in သတင်း
A A
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

ယမန်နေ့က ဝါရှင်တန်တွင် တွေ့ရသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကိုအိချိရိုဂမ်းဘနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AP)

1.1k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်အရေးအတွက် ဂျပန်နှင့်အမေရိကန် နှစ်နိုင်ငံ  ပိုမို ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ကြောင်း ဝါရှင်တန်သို့ရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကိုအိချိရိုဂမ်းဘက တနင်္လာနေ့တွင် ကြေညာလိုက်ပြီး သူကိုယ်တိုင်လည်း နေပြည်တော်သို့ ရက်ပိုင်းအတွင်း သွားရောက်မည်ဟု ပြောလိုက်သည်။

ယမန်နေ့က ဝါရှင်တန်တွင် တွေ့ရသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကိုအိချိရိုဂမ်းဘနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AP)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
1.3k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
585
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
39

“မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းမှုတွေကြောင့် ကျနော် အားတက်မိပါတယ်”  ဟု မစ္စတာဂမ်းဘက သတင်းထောက်များကို ပြောသည်။

မြန်မာပြည်သို့ မကြာသေးမီက သွားရောက်ခဲ့သူ မစ္စ ဟီလာရီ ကလင်တန်ကလည်း လာမည့် ရက်သတ္တပတ်အတွင်း ပေါ်ပေါက်လာမည့် မစ္စတာဂမ်းဘ၏ ခရီးစဉ်ကို ထောက်ခံ ကြိုဆိုလိုက်သည်။

“သံခင်းတမန်ခင်းနည်းလမ်းတွေကနေ (မြန်မာ)အစိုးရသစ်ကို ထိတွေ့ဖို့၊ နိုင်ငံတကာ အဝန်းအဝိုင်းမှာ မြန်မာပြည် နေရာမှန်ပြန်လည် ရရှိရေးအတွက် အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့ ကျမတို့မှာ အခွင့်အရေးကောင်းတွေ ရှိနေပါပြီ” ဟု မစ္စ ဟီလာရီ ကလင်တန်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ၂ ဦးသည် မြန်မာပြည်အရေးအပါအဝင် ဒေသတွင်း အကြောင်းအရာများကို ဝါရှင်တန်တွင် ဆွေးနွေး ပြောဆိုခဲ့ကြသည်။

မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ၂ နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုကိုလည်း မကြာသေးမီကလည်း တွေ့ခဲ့ရသည်။

ဒီဇင်ဘာလဆန်းပိုင်းက  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာဒဲရက် မစ်ချယ်၏ ၆ ရက်ကြာ အာရှခရီးတွင် ဂျပန်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး  မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက်  ဂျပန်နှင့်အမေရိကန်တို့ ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကို  ဆွေးနွေးခဲ့သည်။

မကြာသေးမီက  မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တိုကျိုသို့ သွားရောက်စဉ် ဂျပန်ဘက်က အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီ (ODA) များ  ပြန်ပေးမည်ဟု ပြောဆိုခဲ့သည်။  အကျဉ်းသားများ လွှတ်ပေးခြင်း အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ ရှေးရှုသည့် ခြေလှမ်းများကြောင့် ODA ပြန်ပေးမည့် အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်သည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံ တနိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်  အကူအညီပေးအပ်မှုများ တကြိမ်မက ရပ်ဆိုင်းခဲ့ဖူးသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း ဒေသ သတ်ဖြတ်မှု၊ ၂၀၀၇ ခုနှစ် ရန်ကုန်မြို့ရှိ သံဃာများ ဆန္ဒပြစဉ်  ဂျပန်သတင်းထောက် တဦး ပစ်သတ်ခံရမှု စသည့် ဖြစ်ရပ်များ နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ဂျပန်သည် မြန်မာနိုင်ငံ၏ ပညာရေး နှင့် အပူပိုင်းဒေသ ကျေးရွာ ၈၀ ကျော် ရေရရှိရေး တို့အတွက် ဂျပန် ယန်း သန်း ၉၀၀ ခန့် ပေးအပ်ကူညီရန်  သဘောတူခဲ့သည်ဟု ရန်ကုန်မြို့ ဂျပန်သံရုံး၏ နိုဝင်ဘာလထုတ် သတင်းလွှာတွင် ဖော်ပြထားသည်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
နိုင်ငံရေး အမှုလိုက် ရှေ့နေ ဦးမြင့်သွင်ကို လိုင်စင် ၃ နှစ်ပိတ်

နိုင်ငံရေး အမှုလိုက် ရှေ့နေ ဦးမြင့်သွင်ကို လိုင်စင် ၃ နှစ်ပိတ်

ပိတ်ဆို့အရေးယူမှု ဖယ်ရှားရန် ဇာဂနာ ပြော

ပိတ်ဆို့အရေးယူမှု ဖယ်ရှားရန် ဇာဂနာ ပြော

Please login to join discussion
No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate