ထိုင်း နိုင်ငံသည် မြန်မာနိုင်ငံမှ သဘာ၀ ဓာတ်ငွေ့ ထပ်မံ ဝယ်ယူရန် စီစဉ်နေသည်။ တရက်လျှင် သဘာ၀ ဓာတ်ငွေ့ ၂ ကုဗ ဘီလီယံ ပေ နှုန်းနှင့် အနှစ်၂၀ အတွက် ယူဝယ်ရန် ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်နှင့်၂၀ ရက်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပသော ၄ ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး ကာလအတွင်း ထိုင်း စွမ်းအင်ဝန်ကြီးနှင့် မြန်မာစွမ်းအင် ဝန်ကြီး တွေ့ဆုံစဉ် ဆွေးနွေးကြခြင်းဖြစ်သည်ဟု Reuters သတင်း၌ ရေးထားသည်။ ထိုင်းနိုင်ငံသည် လက်ရှိ မြန်မာနိုင်ငံ မုတ္တမ ကမ်းလွန် ဒေသမှ ထွက်သော သဘာ၀ ဓာတ်ငွေ့များကို ဝယ်ယူနေဆဲလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။