DKBA ကလို့ထူးဘော အဖွဲ့က ယနေ့ကျရောက်သော ၁၇ ကြိမ်မြောက် DKBA နေ့ အခမ်းအနားကို ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေမြို့နယ်ခွဲရှိ ဆုံဆည်းမြိုင် စခန်း၌ ကျင်းပသည်။ ယနေ့ နံနက်ပိုင်းက ကျင်းပသော ယင်းအခမ်းအနားကို DKBA တပ်ဖွဲ့ဝင် များ၊ အစိုးရ စစ်တပ်က အရာရှိ အရာခံ အကြပ် တပ်သားများနှင့် ကရင်ရိုးရာ ယဉ်ကျေးမှု အဆိုအကအဖွဲ့များ အပါအဝင် ပရိသတ် ၄၀၀ နီးပါး တက်ရောက်ကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။