သူ့ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့ ကြိုရောက်သွားသော အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ပတ်သက်၍ ကိုယ်ကျိုးစီးပွားနှင့် မသက်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ်က ယမန်နေ့တွင် ငြင်းဆိုလိုက်သည်။ “သူက သူ့ကိစ္စနဲ့သူ သွားတာ။ တကယ့်နောက်ဆုံး ဆုံးဖြတ်ချက်တွေကတော့ ကျမနဲ့ ကျမရဲ့ အစိုးရ ကိစ္စပါ” ဟု မစ္စ ယင့်လတ်က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။