ရန်ကုန်မြို့လှည်းတန်းလမ်းဆုံ အများသုံး အိမ်သာ၌ ဗုဒ္ဓဟူးနေ့က ဗုံးကွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက တရားခံတဦးကို ဖမ်းမိရန် ကျပ် ၅ သိန်း ဆုငွေ ထုတ်ထားသည်။ ဖောက်ခွဲရေးအဖွဲ့ထဲတွင် ပါဝင်သော လူ ၃ ဦးကို ဖမ်းမိထားပြီး အဓိက တရားခံ အသက်၂၃ နှစ် အရွယ် အမျိုးသားတဦးကို ဖမ်းမိရန် ကျန်သေးကြောင်း၊ ဓာတ်ပုံကိုလည်း ရရှိထားကြောင်း၊ ၎င်းကို ဖမ်းမိရန် သတင်းပေးပါက ကျပ် ၅ သိန်း ပေးမည်ဟု ယမန်နေ့က ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်း မှုခင်းဖော်ထုတ်ရေးဌာနမှ တာဝန်ရှိရဲအရာရှိ တဦးက ပြောသည်။ ဗုံးကွဲမှုကြောင့် အမျိုးသမီး တဦး သေဆုံး၍ တဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။