အင်းစိန်ထောင်တွင် တသက်တကျွန်းကျနေသော ကိုသက်နွယ် (ခ) ကိုငြိမ်းလူသည် သတိလစ်မေ့မျောသွားသည့်အတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။ ၂၀၀၂ ခုနှစ်တွင် လက်နက်များဖွက်ထားသည်ဟု စွပ်စွဲခံရကာ ထောင်ချခံရသော ကိုသက်နွယ်သည် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် အာရုံကြောများ ထိခိုက်ပြီး စိတ်ရောဂါအထူးကုဆေးရုံသို့ ၂ ကြိမ်တက်ခဲ့ရသည်။ ကိုသက်နွယ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း အဆုပ် ရေဝင်ခြင်း၊ အသည်းရောင်ခြင်းတို့ကြောင့် အင်းစိန်ဆေးရုံသို့ တက်ခဲ့ရသေးသည်။ ကိုသက်နွယ်အား အမြန်ဆုံး လွှတ်ပေးရန် AAPP က တောင်းဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။