မြန်မာနှင့် ဗီယက်နမ်တို့သည် စီးပွားရေး၊ စိုက်ပျိုးရေးနှင့် ဆေးဝါးဆိုင်ရာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၃၉၀ အထိ အကုန်အကျခံ အကောင်အထည်ဖော်ရန် သဘောတူစာချုပ်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချုပ်ဆိုလိုက်သည်။ ဒေါ်လာ သန်း ၃၀၀ ခန့်ကို ရန်ကုန်ရှိ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဈေးဝယ်ကုန်တိုက်၊ ဟိုတယ်နှင့် အဆင့်မြင့်လူနေ တိုက်ခန်း ဆောက်လုပ်ရေး စီမံကိန်းများပါဝင်မည်ဟု ဗီယက်နမ်မှလာသော သတင်းများအရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။