ရင်းနှီးမြှုပ်နှံမှု အားပေးရန်၊ ဘဏ်များယှဉ်ပြိုင်မှု ဖန်တီးပေးနိုင်ရန် ဗဟိုဘဏ် အတိုးနှုန်းကို ရှေ့နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချမည်ဟု အစိုးရသတင်းစာများတွင် ကြေညာထားသည်။ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းက ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ကို ငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင် ထုတ်ပေးထားကြောင်း၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ၄ ခုကို ပြည်ပတွင် အလုပ်လုပ်နေသော မြန်မာများ ပြည်တွင်းသို့ တရားဝင် ငွေလွှဲရေး ဝန်ဆောင်ခွင့် ပေးလိုက်ကြောင်း ပြောကြားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။