အစိုးရက ၂၀၁၁-၂၀၁၂ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းပေါင်း ၂၄၁၆၉ ဒသမ ၃၃ ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန် လိုက်သည်။ ယင်းဘိန်းခင်းများမှာ ရှမ်း ၊ ကချင် ၊ ကယား ၊ ချင်း ပြည်နယ်များနှင့် မကွေး၊ စစ်ကိုင်း ၊ မန္တလေး တိုင်း ဒေသများမှ ဖြစ်သည်ဟု ယနေ့ထုတ်ပြန်ချက်၌ ပါရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) ၏ ဇွန်လကုန်ပိုင်းက ထုတ်ပြန်သော ၂၀၁၁ ခုနှစ် အတွက် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် တနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၀ ရာခိုင်နှုန်း တိုးလာသည်ဟု ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။