မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာ၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၁၂၄ လုံး နှင့် လူဦးရေ ၉၉၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။ မီးလောင်မှုသည် မီးအားမြှင့်စက် အပူ လွန်ကဲရာမှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၁၂ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၃ နာရီအထိ လောင်ကျွမ်းခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေး ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။