ထိုင်းနိုင်ငံမှ ခရွန်ထိုင်းဘဏ် (Krung Thai Bank – KTB) အနေဖြင့် ၂၀၁၂ အတွင်း မြန်မာပြည်အပါအဝင် အိမ်နီးချင်းနိုင်ငံများ၌ လုပ်ငန်းများတိုးချဲ့သွားရန် အာရုံစိုက်နေကြောင်း ယင်းဘဏ်ဥက္ကဋ္ဌက ပြောဆိုသည်။ မြန်မာပြည်စီးပွားရေးကို ဖွင့်ပေးလိုက်ပြီးနောက် နိုင်ငံများက စိတ်ဝင်စားလာကြကြောင်း၊ KTB အနေဖြင့်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ချဲ့ထွင်ရေး တဖြည်းဖြည်းလေ့လာသွားမည်ဖြစ်ကြောင်း ဘဏ်ဥက္ကဋ္ဌက ပြောသည်။ KTB သည် လာအို ဗီယက်နမ်၊ တရုတ်၊ ကမ္ဘောဒီးယားတို့တွင် ဘဏ်လုပ်ငန်းများ လုပ်ကိုင်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။