ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ည ၂ နာရီ ဝန်းကျင်က မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားရာ နောက်ဆုံးရရှိသည့် သတင်းများအရ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၈၀ နီးပါးရှိကြောင်း သိရသည်။ ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှ အဆောက်အအုံများ၊ လူများပါ ထိခိုက်မှု ရှိကြောင်း၊ သေဆုံးသူများတွင် မီးသတ်သမားများလည်း ပါခဲ့ပြီး မီးသတ်ကားများပါ ထိခိုက်ပျက်စီးကြောင်း၊ ကုန်ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များလည်း မီးလောင်ခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲသည့်နေရာများတွင် ကြီးမားသည့် ကျင်းကြီးများ ဖြစ်ကျန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။