လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်တွင် ယှဉ်ပြိုင်ရန် တင်သွင်းထားသည် ဇာတ်ကားများ အနက် အင်တာနက်ပေါ်တွင် ကြိုတင် ပြန့်နှံ့နေသော ဇာတ်ကားများကို စာရင်းမှ ပယ်ဖျက် လိုက်ကြောင်း သိရသည်။ ယင်းသို့ ပယ်ဖျက်ခြင်းသည် စည်းကမ်းချက် အရပင် ဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူ တဦးဖြစ်သည့် ကိုဇာဂနာက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည့် အင်တာနက်ပေါ်တွင် နာမည်ကြီး လူကြိုက်များနေသည့် ဇာတ်လမ်းတိုများမှာ “အဲဒီ အခန်းဖြတ်” နှင့် “ကြိုး” တို့ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။