အစိုးရ လူ့အခွင့်အရေးကော်မရှင်က အင်းစိန်ထောင်နှင့် လှေလှော်အင်းရဲဘက်စခန်းတို့သို့ ဒီဇင်ဘာ ၂၇ နှင့် ၂၈ ရက်နေ့က သွားရောက်ခြင်းနှင့် ပတ်သက်၍ အကြုံပြုချက် ၃ ချက် ထုတ်ပြန်လိုက်သည်။ အင်းစိန်ထောင်တွင်းရှိ အကျဉ်းသားအရေအတွက်ကို လျှော့ချရန်၊ တရားစခန်းများ ဖွင့်လှစ်ခွင့်ပေးရန်နှင့် ဘာသာဝင်မျိုးစုံအတွက် ဘာသာရေးအစီအစဉ်များကို ဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။ မကြာသေးမီက အစာငတ်ခံ ဆန္ဒပြခဲ့သော အကျဉ်းသားများကို သောက်ရေမပေးဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ခွေးတိုက်၌ ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းတို့ကိုလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။