နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်လာသည့် ကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အစိုးရသည် အပြောနှင့်အလုပ် မညီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ ဝါရင့်နိုင်ငံရေးသမားကြီးများ ဦးစီးကျင်းပသည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှု အင်မတန် နည်းပါးသည့်အတွက် အားမရကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်လာရန် ဆက်လက် ကြိုးပမ်းရမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်ဟု ဝါရင့်နိုင်ငံရေးသမားကြီး ရွှေတောင်ဦးအုန်းမောင်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။