တရုတ် နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် သည် ယနေ့ တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Cui Tiankai နှင့် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် မြောက် ကို ရီးယား နျူကလီးယားအရေး အပါအဝင် ကုန်သွယ်ရေးနှင့် သံတမန်ရေးကိစ္စများ ဆွေးနွေးကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကိစ္စများလည်း ဆွေးနွေးရန် ပါဝင်ကြောင်း AP သတင်း၌ ဖော်ပြထားသည်။ မစ္စတာ ကမ်းဘဲလ်သည် ယမန်နေ့က တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ၎င်း၏ ဇန်နဝါရီ ၃ ရက်မှ ၇ ရက် ခရီးစဉ်အတွင်း တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံသို့လည်း သွားရောက်မည်ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။