မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် စိတ်ပျက်ဖွယ်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှွှတ်ပေးရန် တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ပြောဆိုလိုက်သည်။ နိုင်ငံရေးအကျဉ်းသား တထောင်ကျော် အကျဉ်းကျနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက မြင်လိုသည့်အတိုင်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပြောသည်။ နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းသာ ပါဝင်မှုနှင့် ပတ်သက်၍ အမေရိကန်အစိုးရ မျှော်လင့်သလို ဖြစ်မလာကြောင်းလည်း မစ္စ နုလန်းက သတင်းထောက်များ၏ မေးမြန်းမှုတွင် ဖြေဆိုသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။