တနင်္သာရီတိုင်း ထားဝယ်ဒေသ၌ တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ဒေသခံ ၂၀၀ ကျော်က ယနေ့ မောင်း မကန် ကမ်းခြေတွင် ကန့်ကွက်ဆန္ဒပြကြောင်း သိရသည်။ ယင်းစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးပြီး ဒေ သခံများ အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်၍ ထိုသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူများက ပြော သည်။ ဆန္ဒပြ အစီအစဉ် ကို Green Development လှုပ်ရှားမှုဟု အမည်ပေးထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။