ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံ ဟိတ်သည် ယနေ့ မြန်မာနိုင်ငံသို့ သွားရောက်သည်။ ၎င်းသည် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်ဟု AP သတင်း၌ ဖော်ပြသည်။ မြန်မာနိုင်ငံ သို့ သွားရခြင်းသည် မြန်မာအစိုးရ လက်ရှိဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နိုင် ရေး အတွက် တိုက်တွန်းအားပေးရန်နှင့် ဗြိတိန် နိုင်ငံအနေနှင့် ပိုမိုထောက်ပံ့ကူညီ နိုင်ရန် ဖြစ်သည်ဟု ဝီလျံ ဟိတ်က ပြောကြောင်း လည်း ပါရှိသည်။ ယခု ခရီးစဉ်သည် ဗြီတိသျှ နိုင်ငံခြားရေး ဝန်ကြီး တဦးအနေနှင့် နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမ ဆုံး အကြိမ် သွားရောက်ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။