လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် အဆင့်မြင့် သံတမန်တဦး မြန်မာနိုင်ငံသို့ လာမည့် သီတင်းပတ်အတွင်း သွားရောက်မည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် သံတမန်တဦး ဖြစ်သော Luis CdeBaca သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာနှင့် ပတ်သက်၍ လက်တွေ့ကျကျ သိနိုင်ရန်နှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုရရှိလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်နေ့အထိ လာရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။