အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုနှင့်ရင်ဆိုင်နေရသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ ထိန်းချုပ်ဒေသမှ ရော ယုံ တပ်စခန်းကို ဗုဒ္ဓဟူးနေ့က ဆုတ်ခွာပေး လိုက်ရသည်။ အစိုးရတပ်က ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်ကြောင်း၊ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အစိုးရ တပ်မ ၈၈ လက်အောက်ခံ တပ်များက ပြီးခဲ့သည့် လ ၂၁ ရက်နေ့မှ စတင်၍တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIO က ပြောသည်။ ဒီဇင်ဘာ လကုန်ပိုင်းကလည်း ရှမ်ပြည် မြောက်ပိုင်း မန်တုံမြို့နယ်ရှိ KIA တပ်မဟာ ၄ ထိန်းချုပ်ဒေသမှ နမ့်လတ် တပ်စခန်း တခုကို ဆုတ်ခွာပေးခဲ့ရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။