ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှ နေ့ကျောင်းသားများသည် ကျောင်းဖယ်ရီ နှှုန်းထားများအား ၂၀၀ မှ ၄၀၀ ကျပ်သို့ မြှင့်တင် လိုက်သည့်အတွက် လျှော့ချပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ စစ်တွေ တက္ကသိုလ်မှ ရာချီသည့် ကျောင်းသားများသည် ယနေ့ နံနက် ၁၁ နာရီတွင် တကြိမ်၊ ညနေ ၂ နာရီခန့်တွင် တကြိမ် ဆန္ဒပြ ခဲ့ကြကြောင်း ဒေသခံများက ပြော သည်။ လတ်တလော သတင်းများအရ ကျောင်းသားများအား ဖမ်းဆီး အရေးယူမှု တစုံတရာမရှိသေးဟု သိရသည်။ ဓာတ်ဆီ ဈေးနှှုန်းများကို အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဈေးတင်လိုက်သည့်နောက် မော်တော်ယဉ် လိုင်းများလည်း ဈေးနှုန်းများ တိုးမြှင့်ခဲ့ကြခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။