သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်စွာခိုင်နှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်တို့အား ကျန်းမာရေးအခြေအနေအရ မိမိသဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့်ပြုကြောင်း ဇန်နဝါရီလ ၆ ရက်နေ့ နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်က ထုတ်ပြန်ကြေညာထားသည်။ လာဘ်စားမှု တိုင်ကြားချက်များ မီဒီယာများတွင် ထွက်ပေါ်ပြီးနောက် ပြီးခဲ့သည့် တလကတည်းက တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်သည် တာဝန်များ ထမ်းဆောင်ခြင်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။