သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တခု ဖြစ်သော ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA) က တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ယင့်လပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။ ဇန်နဝါရီလ ၇ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော စာတွင် ယင်းစက်ရုံ စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပြီး ပြည်သူထောင်ချီ၍ နေရာပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း၊ ထိုင်းစီးပွားရေးသမားများက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားရန် လိုကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။