နယူးယောက် လွှတ်တော်အမတ် ဂျိုးဇက် ခရော်လေသည် ယခု သီတင်းပတ်ကုန်၌ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။ မစ္စတာ ခရော်လေသည် ဇန်နဝါရီလ ၁၂-၁၃ ရက်နေ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရအာဏာပိုင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။ မြန်မာနိုင်ငံအခြေအနေများကို လက်တွေ့ကျကျလေ့လာရန် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများစနေသော်လည်း ဆက်လက်လုပ်ဆောင်ရန် များစွာ လိုသေးကြောင်း မစ္စတာ ခရော်လေက ပြောထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။