သြစတြေးလျအစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည့် စီးပွားရေးဆိုင်ရာနှင့် ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို လျှော့ပေါ့ပေးမည်ဟု သတင်းရရှိသည်။ ပွင့်လင်းသော ဒီမိုကရေစီသို့ လျှောက်လှမ်းရာတွင် အရေးကြီးသည့် ခြေလှမ်းများအတွက် အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ပြောကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။ အတိုက်အခံပါတီများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်လာခြင်း၊ နိုင်ငံရေး အကျဉ်းသား ၂၂၀ ခန့်ကို လွှတ်ပေးခြင်းနှင့် အလုပ်သမားဥပဒေ အတည်ပြုခြင်း စသည်တို့ကို တိုးတက်မှုများအဖြစ် မျှော်လင့်ကြောင်း မစ္စတာ Rudd က ပြောထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။