ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မဂ္ဂါဝပ် ၄ ထောင်ထွက်ရှိမည့် ယင်းစက်ရုံ စီမံကိန်းတည်ဆောက်ရေးနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း ပြောဆိုလာကြသဖြင့် ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်း ကျောက်မီးသွေး လျှပ်စစ်စက်ရုံတချို့ တည်ဆောက်ရေးကိုပါ ရပ်ဆိုင်မည်ဖြစ်ကြောင်း ဦးခင်မောင်စိုးက ဆက်လက်ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။