အခြေခံ လူ့အခွင့်အရေးများ တောင်းဆိုဆန္ဒပြသည့် တောင်ဒဂုံ အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင် ဦးစိုးကြွယ်ကို တောင်ဒဂုံ ရဲစခန်းက အာမခံဖြင့် ယမန်နေ့ညနေတွင် ပြန်လည် လွှတ်ပေးလိုက်သည်။ လူ ၂ ဦးက အာမခံ လက်မှတ် ထိုးပေးထားရပြီး လတ်တလောတွင် ခြေချုပ်ဖြင့် ကန့်သတ်ထားရာ မည်သို့ဆက်လုပ်မည်၊ မည့်သည့်ပုဒ်မဖြင့် တရားစွဲမည် ဆိုသည်ကိုမူ မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးစိုးကြွယ်သည် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ကျန်စစ်သား လမ်းပေါ်တွင် တောင်းဆိုချက် ၆ ချက်ကို ရေးသားကာ လမ်းလျှောက် ဆန္ဒပြခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။