မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ ခွဲတွင် အမှတ် ၁၅၄ ဦးချစ်မောင် လမ်းရှိ NLD ဗဟန်းမြို့နယ် ရုံးခန်းဖွင့်ပွဲသို့ တက်ရောက်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ယခု လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူး မြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။ ပါတီ တရားဝင်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပြီးနောက် တရားဝင် မဲဆွယ်စည်းရုံးမှုများ လုပ်ခွင့်ရပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ NLD ပါတီ မြို့နယ် ရုံးခန်းများကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။